Pages

Monday, August 3, 2009

ရခိုင်သားတိ ရန်ဖြစ်သင့်ရေ

ဒေကမ္ဘာမြီထက်မှာ လူတိစလို့  ဖြစ်လာခါကပင် သဘာဝတရားရာသီဥတုတိနန့် ရန်ဖြစ်ခကတ်တေ။ တောရိုင်းတိရိစ္ဆာန်တိ
နန့် ရန်ဖြစ်ခကတ်တေ။ နောက်ပိုင် လူအချင်းချင်းရန်ဖြစ်ကတ်တေ။ စစ်ပွဲတိဆိုစွာက ရန်ပွဲအကြီးစားတမျိုးပင် ဖြစ်တေ။ ရန်ဖြစ်ခြင်းက လူတိကို သီစီနိုင်ရေပိုင် အင်ပါယာတိ ပေါ်လာစွာလေ့ဟိရေ။ ပထမ
နန့် ဒုတိယကမ္ဘာစစ်ရန်ပွဲမှာ အမေရိကန်နိုင်ငံ ၀င်ပါလာပြီးရေနောက်ပိုင်းမှာ အမေရိကန်နိုင်ငံစွာ ကမ္ဘာ့ရွာသူကြီးဖြစ်ပါလတ်တေ။ ရန်သူကိုတိုက်ဖို့ လက်နက်တိတီထွင် နည်းပညာတိကြံဆလိုက်စွာ ကမ္ဘာ့အဖွံဖြိုးအတိုးတက်ဆုံး တိုင်းပြည်အမေရိကန်ဆိုပြီးကေ ဖြစ်လာရေ။

ဒင်္ဂါးတစ်ပြားမှာ ဟိရေ ထိုဖက်ဒေဖက်ခွါမရရေ မျောက်နန့် ပန်းပိုင် စစ်ပွဲနန့် ငြိမ်းချမ်းရေးစွာ ဒွန်တွဲနိန်ရေ။ ယင်းအတွက်နန့်  ရန်ပွဲတိကို ရင်မဆိုင်ဝံ့ပဲ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုစွာ လုံးဝမဖြစ်နိုင်။

အရေးကြီးဆုံးက ရန်ဖြစ်ခြင်းကို နားလည်ဖို့ ပင် ဖြစ်တေ။ ရန်ဖြစ်ခြင်းမှာ အနည်းဆုံးဘက်နှစ်ဘက်ဟိရရေ။ ပြိုင်ဖက် သို့ မဟုတ် ရန်သူဟိရရေ။ ရန်သူ၏အားနည်းချက် အားသာချက်ကို သိရရေ။ ရန်သူကို အနိုင်ရခါမှ ငြိမ်းချမ်းရေးဆိုစွာ တည်ဆောက်လို့ ရရေ။

ယင်းအတွက်နန့်  ငြိမ်းချမ်းရေးလိုချင်ရေ ရခိုင်သားတိုင်းစွာ ကိုယ့်ရန်သူအသူလဲဆိုစွာကို သိပနာ ရန်ဖြစ်သင့်ရေ။



မှတ်ချက်။ ။ အဂုက ရခိုင်သားတိစွာ ကိုယ့်ရန်သူဘားကို လားပနာ ဆီဆွတ်နိန်စွာက အဓိကပြဿနာဖြစ်နိန်ရေ။ ယင်းအတွက်နန့် 
ဘီလူးရို့ ဖင်ကချီးထွက်အောင် ပြောနိန်ရစွာပါ။ အချိန်တိပိုနိန်လို့  ပျော်ကြီးကျလို့  လက်တိအားနိန်လို့  လာပြီးကေ ခြစ်ပြရီးပြနိန်စွာမဟုတ်ကြောင်း တဖဲ့ချေလောက်နားလည်ပီးကတ်ပါ။

0 comments:

Post a Comment